အမှောင်ထုထဲမှာ
အမှောင်ကျသွားတဲ့နေ့စွဲ
အတိအကျ မမှတ်မိတော့ပါဘူး။
၁၉၈၉ ခုနှစ် ဧပြီလ အတွင်းမှာပါပဲ။
ဒိုမီနိုသီအိုရီလိုပဲ
တစ်နိုင်ငံပြီးတစ်နိုင်ငံ အမှောင်ကျသွားလိုက်တာ
ဗမာပြည်က နောက်ဆုံးပါ။
ကံမကောင်းအကြောင်းမလှစွာ
အမှောင်ထုထဲမှာ
အသက်ဆက်ရှင်နေခဲ့ရတယ်။
မဆိုးပါဘူး။
ရှင်သန်နိုင်သေးတာပဲ
ဘ၀သက်တမ်းအရပေါ့လေ။
ဘ၀သက်တမ်းအရပဲ
ရဲဘော်တချို့ ဟာ
အမှောင်ထုထဲမှာ ကွယ်လွန်
အမှောင်ထုထဲမှာ ဈာပနပွဲကျင်းပ
အမှောင်ထုက လွတ်မြောက်သွားကြလေရဲ့။
အမှောင်ထုဆိုတာ
ကာလတစ်ခုပါပဲလေ
အလင်းရောင်ဆိုတာ
ပေါ်လာဦးမှာပေါ့။
သဘာဝတရားကို
ဘယ်သူ လွန်ဆန်နိုင်မှာလဲ
အမှောင်ပျော်သူတွေကြောက်တဲ့
အလင်းဆိုတာ ရောက်လာဦးမှာပါ။ ။
ဝိုင်းသော်
၂၀၁၄ ခုနှစ် သြဂုတ်လ ၁၃ ရက် တနင်္လာနေ့
