Monday, August 10, 2015

ရင့်ကျက်ခြင်း



 
ရင့်ကျက်ခြင်းဆိုတာ
ဘယ်လိုအရာများလဲ။

အချိန်တွေကို ဖြတ်သန်းဖန်များလို့
စက္ကန့်၊ မိနစ်၊ နာရီ
ရက်၊ လ၊ နှစ်ဆိုတဲ့ အတိုင်းအတာတွေနဲ့
ရင့်ကျက်ကြတာလား။

လူ့ဘ၀သက်တမ်းအရ
ဆယ်ကျော်သက်ကနေ အသက် ၄၀
အသက် ၄၀ ကျော်မှ
ဘ၀အစပြုတယ်ဆိုတဲ့ ဆိုရိုးစကားနဲ့
ရင့်ကျက်ကြတာလား။

သူငယ်တန်းကနေ ဆယ်တန်း
ဆယ်တန်းကနေ တက္ကသိုလ်
တက္ကသိုလ်ပြီးတော့ ဘွဲ့လွန်
အဲသလိုနဲ့ ရင့်ကျက်ကြတာလား။

အားနည်းချက်တွေကို ဆုပ်ကိုင်
အနိုင်ကျင့်နေသူတွေကို အလိုလိုက်ရင်း
ရင့်ကျက်ကြတာလား။

ငွေကြေးနဲ့ အာဏာ
ဆုပ်ကိုင်ထားသူတွေကို
မလွန်ဆန်နိုင်လို့ သည်းခံစိတ်မွေးရင်း
ရင့်ကျက်ကြတာလား။

ဘယ်လိုပဲ ရင့်ကျက် ရင့်ကျက်
ရင့်ကျက်ခြင်းရဲ့ ဂုဏ်သိက္ခာ
“တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ” .........။     ။

ဝိုင်းသော်
  • ၂၀၁၅ သြဂုတ်လ စွယ်တော်ပွင့်သစ်မဂ္ဂဇင်း

No comments:

Post a Comment